Posts

သဇင် ဒီနေ့ ကျနော် ချစ်ရတဲ့သူနှင့် ချိန်းထားသည်။ ကျနော်တို့ နေ့တိုင်းနီးပါး ဆုံနေရပေမယ့် အခုလို အားလပ်ရက်လေးမှာ အကြင်နာတွေ ဖလှယ်ဘို့ ခဏခဏ တွေ့ဖြစ်သည်။ မနက် စောစီးစွာ ရေမိုးချိုးပြီး ကိုယ်လုံးတင်မှန်မှာ ပေါ်နေသည့် မိမိ ကိုယ်ကို ကြည့်ကာ ပီတိဖြစ်နေမိသည်။ အသက် ၃၀ ကျော်ပေမယ့် ဘီယာဗိုက် မထွက်၊ မေး ၂ ထပ် မဖြစ်ပဲ သပ်ရပ်စွာ နေတတ်လို့လည်း မိမိမှာ မိန်းကလေး သူငယ်ချင်း များခြင်း ဖြစ်သည်။ ဆံပင်ကို ဂျယ်လ် ထည့်ပြီး သေသပ်စွာ ဖီးလမ်းကာ အနည်းငယ် ထောင်နေသည့်ဟန် ပြုထားသည်။ လူလတ်ပိုင်းဝင်ပြီ ဖြစ်သော်လည်း လူငယ်အသွင်ပင် ပြင်ဆင်နေခြင်း ဖြစ်သည်။ အိမ်က စီစဉ်ပေးထားသော မနက်စာကို အမြန်စားကာ honda fit လေးကို ကားစက်နှိုးရင်း ချစ်သူဆီ လာနေပြီဖြစ်ကြောင်း ဖုန်းဆက်လိုက်သည်။ သူလည်း ပြင်ဆင်ပြီး ရုပ်ရှင်ရုံတွင် စောင့်နေမည်ဟု ပြန်ပြောသည်။ ရန်ကုန် ကားပိတ်ချက်တွေကြောင့် ချစ်သူဆီကို ရောက်ချိန်က ၁၀ နာရီ ခွဲနေပြီ။ သူမသည် မိမိထက် ၇ နှစ်ကျော် ငယ်သည်။ မိမိက အကိုလို တစ်မျိုး၊ ချစ်သူလို တဖုံ စောင့်ရှောက်ကြင်နာယုယနေသော ချစ်သူလေး ဖြစ်သည်။ ရုပ်ရှင်လက်မှတ် ကြိုဝယ်ထားသောကြောင့် အတွဲခုံတွင်ပင် ဝင်ထိုင်လိုက်သည်။ မုန့်ပဲသရေစာများကို ဝယ်ယူလိုက...